မြစ်ကြီးနား၊ အောက်တိုဘာ ၈

(၈.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၃၀)အချိန်တွင် မြစ်ကြီးနားမြို့ ခရိုင်ဦးစီးမှူးရုံး၊ စိုက်ပျိုးရေးဦးစီးဌာန တွင် ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
