မြစ်ကြီးနား၊ အောက်တိုဘာ ၁၄

(၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ဇေယျမင်္ဂလာ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် ဆုတောင်းပြည့် တာဝတိံသာစေတီတော် နှင့် အရံ စေတီတော်များ ရွှေထီးတော်တင်လှူ ပူဇော်ပွဲအခမ်းအနား၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
