မြစ်ကြီးနားမြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစား ခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာဝန်ကြီးဖလား၊ မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲအသင်းများအား အားကစားဝတ်စုံထောက်ပံ့ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာ ၂၄

(၂၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစား ခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာဝန်ကြီးဖလား၊ မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲအသင်းများအား အားကစားဝတ်စုံထောက်ပံ့ပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)