မြစ်ကြီးနား၊ နိုဝင်ဘာ ၃ ရက်

၃.၁၁.၂၀၂၅ ရက်နေ့ ၁၆၃၀ နာရီအချိန် မြစ်ကြီးနားမြို့၊ အောင်ဇေယျာအောင်တပ်ဦးကျောင်းတွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် မသိုးသင်္ကန်းရက်ကန်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့ ကချင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
