မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ Palm Spring Resort တွင် ကျင်းပသည့် ကချင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၇ ရက်

၂၇.၁၁.၂၀၂၅ ရက်နေ့ ၁၀၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ Palm Spring Resort တွင် ကျင်းပသည့် ကချင် ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ  ကချင်ပြည်နယ်ဥပဒေချုပ်  ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)