မကွေး၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ

၅-၁-၂၀၂၆၊ ၉-၁-၂၀၂၆၊ ၁၂-၁-၂၀၂၆၊ ၁၆-၁-၂၀၂၆၊ ၁၉-၁-၂၀၂၆၊ ၂၃-၁-၂၀၂၆၊ ၂၆-၁-၂၀၂၆၊ ၃၀-၁-၂၀၂၆၊၂-၂-၂၀၂၆ ရက်နေ့တို့တွင် တနင်္လာနေ့ နံနက်(၉:၀၀)နာရီအချိန် နှင့် သောကြာနေ့ ညနေ(၄:၀၀)နာရီ အချိန်တို့တွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးရှေ့၌ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေ ဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးတို့မှ အရာထမ်း၊ အမှုထမ်းများက နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ရွတ်ဆို၍ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
