မြစ်ကြီးနားမြို့ အထွေထွေ‌ရောဂါကုဆေးရုံကြီး၊ သွေးလှူ ဘဏ်ခန်းမတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂ ရက်

၂.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၉:၄၅ နာရီအချိန် မြစ်ကြီးနားမြို့ အထွေထွေ‌ရောဂါကုဆေးရုံကြီး၊ သွေးလှူ ဘဏ်ခန်းမတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)