မြစ်ကြီးနား၊ ဒီဇင်ဘာလ ၁၄ ရက်

၁၄.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံသွေးလှူရှင်များနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စုပေါင်း သွေးလှူဒါန်းပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
(သတင်းစဉ်)
