မြစ်ကြီးနားမြို့၊ သူနာပြုသင်တန်းကျောင်း (၄)ထပ် စာသင်ဆောင်သစ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းခြင်း အခမ်း အနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂၀ ရက်

၂၀.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ သူနာပြုသင်တန်းကျောင်း (၄)ထပ် စာသင်ဆောင်သစ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းခြင်းအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)