မြစ်ကြီးနားမြို့၊ တပ်ကုန်းတောင်ရပ်ကွက်၊ ကရင် နှစ်ခြင်းဘုရားကျောင်းဝင်းတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုး သားနှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၁၉ ရက်

၁၉.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၇:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ တပ်ကုန်းတောင်ရပ်ကွက်၊ ကရင် နှစ်ခြင်းဘုရားကျောင်းဝင်းတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)