အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၁၆

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ : ၀၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်ဦးကျော်ကျော်နှင့် ဦးဝင်းတင်၊ ဥပဒေမူကြမ်း စိစစ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်နှင့် တာဝန်ရှိသူများ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီး  အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီးပြည့်စုံသောအချက် အလက်များ ပါဝင်နိုင် စေရန်၊ နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်  အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက အခွန်အယူခံ ခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ပါဝင်သော အကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အခွန်အယူခံခုံ အဖွဲ့ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုူရှိစေရေး ပြင်ဆင်သည့်အချက်များသည် အခွန်အယူခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သော အချက်များဖြစ်ပြီး နိုင်ငံ တော်၏ အခွန်ဆိုင်ရာမူဝါဒကို အထောက်အကူပြုနိုင်ရန်အလို့ငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

   သတင်းစဉ်