မြစ်ကြီးနားမြို့၊ ပြည်နယ်အားကစား အထူးတန်း ပွဲကြည့်စင် ရှေ့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂၇ ရက်

၂၇.၁၂.၂၀၂၅ ရက်နေ့ နံနက် ၀၆:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ပြည်နယ်အားကစား အထူးတန်း ပွဲကြည့်စင် ရှေ့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)