နေပြည်တော် ဖေဖော်ဝါရီလ ၂၅

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေး ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂:၃၀ နာရီ တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၃) အစည်း အဝေးတွင် ၂၀၁၅ခုနှစ်က ပြဋ္ဌာန်းခဲ့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်ခြင်းထက် ဥပဒေကိုပယ်ဖျက်ပြီး ဥပဒေအသစ်ရေးဆွဲ ပြဋ္ဌာန်း ရန်နှင့် ဥပဒေတွင် မပါဝင်သေးသည့် ဒီဂျစ်တယ်စီးပွားရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက် မှုနှင့် အစပျိုးစီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများကို ပါဝင်ထည့်သွင်းရေးဆွဲရန် ဥပဒေရေးရာ ဝန်ကြီးဌာန၏ အကြံပြုချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေး ဥပဒေကို အသစ်ရေးဆွဲရခြင်း ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပါသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက ဥပဒေ(မူကြမ်း) တွင်ပါဝင်သောအကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး နှင့်ပြည်ထောင်စုရှေ့နေချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်အကာအကွယ်ပေးရေး ဥပဒေ(မူကြမ်း)ကို နိုင်ငံတော်မှ ချမှတ်ထား သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လက်ရှိအခြေအနေနှင့် လိုက်လျော ညီထွေမှု ရှိစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အလို့ငှာ ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင် ရေးအပြီးသတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းစဉ်
