မကွေး၊ ဖေဖော်ဝါရီ ၇ ရက်

၇-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညတက္ကသိုလ် (မကွေး)၏ (၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြိုလေ့ကျင့်ခြင်းကို နည်းပညာ တက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ နည်းပညာ တက္ကသိုလ် (မကွေး)စီမံခန့်ခွဲ့ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
