မကွေး၊ ဖေဖော်ဝါရီ ၇ ရက်

၇-၂-၂၀၂၆ ရက်နေ့ နံနက် ၇ နာရီအချိန်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စု နေ့သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေး ဒီဂရီကောလိပ် ကျောင်းသား/ ကျောင်းသူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊ ကြက်ခြေနီ၊ မီးသတ်နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
