မကွေး၊ ဖေဖော်ဝါရီ ၁၂ ရက်

၁၂-၂-၂၀၂၆ ရက်နေ့က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးခရိုင် အားကစားကွင်းတွင် ခင်းကျင်းပြသထားသည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုပြ ခန်းများဖြစ်သည့် တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြခန်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် လက်မှု အနုပညာပြခန်းများအား ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာ နေမှုကို ကြည့်ရှုအားပေးပြီး၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်ပြပွဲ၊ သီချင်း ဆိုပြိုင်ပွဲ၊ စာစီစာကုန်း/ပန်းချီ/ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
