စကု၊ ဖေဖော်ဝါရီ ၂၂ ရက်

၂၂-၂-၂၀၂၆ ရက်နေ့က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကုမြို့သို့ သွားရောက်၍ သားမွေးချောင်း(နွားကူးရိုး)ပေါ်ရှိ ပေတိုင် ၁၆၀၀၀ မှ ၂၂၀၀၀ အထိ ပေါင်ဆင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စကုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခေတ္တစိုက်ထုတ်ရန်ပုံငွေ (၆၄)သိန်းဖြင့် ဆောင်ရွက်သော (၄၅ ပေ x ပေ ၃၀) ပျံကျဈေးရုံသစ် ဆောက်လုပ်ပြီးစီးမှုနှင့် ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်သော (၁၆၃)ပေ အရိပ်ရအမိုး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ နှင့် မြို့ဒေသခံများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
