တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး ဥပ‌ဒေချုပ်ရုံးတို့က ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းဖွင့်လှစ်

မကွေး၊ မတ်လ ၁၂ ရက်

၁၂-၃-၂၀၂၆ ရက်နေ့ နံနက် ၉:၀၀ နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊  ပါမောက္ခ ဦးလှအောင်ခန်းမ၌ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး ဥပ‌ဒေချုပ်ရုံးတို့က ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကို တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းသူ (၂၅)ဦး  ဖြင့် ဖွင့်လှစ် ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)