မကွေး၊ မတ်လ ၁၂ ရက်

၁၂-၃-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်ရှိ ယင်းသာစည်(အရှေ့)နှင့် (အနောက်) ကျေးရွာတွင် ၁၁/၀ ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌ ကျင်းပရာ လျှပ်စစ် မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
