မကွေး၊ မတ်လ ၂၁ ရက်

၂၁-၃-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဦးဆောင်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်း လူငယ် မောင်/မယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
