မြစ်ကြီးနား၊ မတ် ၂၁

(၂၁.၃.၂၀၂၆)ရက်နေ့ နံနက်(၀၈၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ဗလမင်းထင်စံပြစိုက်ကွင်း၊ ကွင်းအမှတ် ၉/၅၁ တွင် ကျင်းပပြုလုပ်သည့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။(သတင်းစဉ်)
