မကွေး၊ မတ်လ ၂၃ ရက်

၂၃-၃-၂၀၂၆ ရက်နေ့ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဗိုလ်မင်းရောင်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဥပဒေပြုရေးနှင့် လွှတ်တော်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်း တင်ပြခြင်း အစီအစဉ်တွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အနေဖြင့် ၂၃-၃-၂၀၂၆ ရက်နေ့နှင့် ၂၄-၃-၂၀၂၆ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ဥပဒေ(မူကြမ်း)ရေးဆွဲရေး လမ်းညွှန်တို့ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းကို မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆောင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိက ဥပဒေ(မူကြမ်း) ရေးဆွဲရေး လမ်းညွှန်ကို လည်းကောင်း ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
