(၈၁)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း RCC (၃)ထပ် ကျောင်းဆောင်သစ် (စံပယ်ဆောင်) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ မတ် ၂၄

(၂၄.၃.၂၀၂၆) ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ အ.ထ.က-၈ တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း RCC (၃)ထပ် ကျောင်းဆောင်သစ် (စံပယ်ဆောင်) ဖွင့်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)