မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်အဖြစ် သက်ကြီးအဘိုး၊ အဘွားများအားပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ တက် ရောက်

မကွေး၊ ဧပြီ ၁၇ ရက်

17-4-2026 ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်အဖြစ် သက်ကြီးအဘိုး၊ အဘွားများအားပူဇော်ကန်တော့ပွဲကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်ဇနီး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးအေးလွင်၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက် ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

(သတင်းစဉ်)