မကွေး၊ မေ ၂ ရက်

၂-၅-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကမ်းနားလမ်းရှိ We Love Magway ကျောက်သား ပန်းခြံအနီး ဧရာဝတီမြစ်ကမ်းနံဘေး၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မကွေးမြို့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ရာ ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများက တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တောင်တွင်း ကြီးမြိုနယ်၊ ပွင့်ဖြူမြိုနယ်နှင့် မြိုသစ်မြိုနယ်တို့မှ ငါးသားပေါက်စခန်းများတွင် မွေးမြူထားသော ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၅)သောင်းအားဧရာဝတီမြစ်အတွင်းငါးသားပေါက်များ လွှတ်ပေး ခြင်းဖြင့် ဇီဝိတဒါန(အဘယဒါန) ကုသိုလ်ရယူခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
