တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများကို ဥပဒေရေးရာဝန်ကြီးဌာန၏  ရက် ၁၀၀ စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျင့်ဝတ် သိက္ခာနှင့်ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားထားရသော ဥပဒေအရာရှိများဖြစ်စေရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို တိုင်းဒေသကြီး ဥပဒေချုပ်က ထပ်ဆင့်မှာကြား

ထားဝယ်မြို့၊ မေ ၁၄ 

၁၄.၅.၂၀၂၆  ရက်နေ့  (၁၆:၀၀)  နာရီအချိန်၌ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများကို ဥပဒေရေးရာဝန်ကြီးဌာန၏  ရက် ၁၀၀ စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျင့်ဝတ် သိက္ခာနှင့်ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားထားရသော ဥပဒေအရာရှိများဖြစ်စေရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို တိုင်းဒေသကြီး ဥပဒေချုပ်က ထပ်ဆင့်မှာကြားခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးပြောကြားခဲ့ပါကြောင်းနှင့်  စီမံချက်တွင် ပါဝင်သော ဥပဒေအရာရှိ ကျင့်ဝတ် ဆိုင်ရာဆွေးနွေး မေးမြန်းရမည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါ သည်။

(သတင်းစဉ်)