မကွေး၊ မေလ ၁၄ ရက်

၁၄-၅-၂၀၂၆ ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့် ဈေးကြီးတစ်ခု ပေါ်ထွက်လာ စေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေး ကုမ္ပဏီလိမိ တတ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အဆင့်မြင့် ဈေးဆိုင် ခန်းများ ဆောက်လုပ်ပြီးစီး၍ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအေးလွင်နှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
