၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၅

၅.၁.၂၀၂၆ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန် မြစ်ကြီးနားမြို့ အထက(၁)တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်ပညာရေးစုံညီပွဲတော်အခမ်းအနား သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)