မြစ်ကြီးနား၊ ဇန်နဝါရီ ၅

၅.၁.၂၀၂၆ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သည့် ၇၈ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကချင်ရိုးရာ မနောတိုင်စိုက်ထူခြင်းနှင့် ဆုတောင်းအပ်နှင်းခြင်း အခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
