နေပြည်တော် ဇန်နဝါရီ ၆ ရက်

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၆) ကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ် သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦး၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန် ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ရခိုင်ပြည်နယ်ဥပဒေချုပ်၊ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်သား/သင်တန်း သူ(၂၇)ဦး တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနအနေ ဖြင့်နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်လှစ်လာသည် မှာအမှတ်စဉ်(၆)ထိရှိပြီဖြစ်ပြီး သင်တန်းအမှတ်စဉ်(၁) မှ (၅)ထိ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ သင်တန်းသားစုစုပေါင်း (၁၅၁)ဦးအား ဖွင့်လှစ်ပို့ချ ပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများသည် ဥပဒေအသိပညာရှိသင့်ကြောင်း၊ အနည်းဆုံး ဥပဒေဒီပလိုမာရသင့်ကြောင်း လမ်းညွှန်မှုပြုသဖြင့် ယခုကဲ့သို့သင်တန်းများအား ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများအား ဥပဒေရေးရာဝန်ကြီးဌာနတွင် မှတ်တမ်း ထားသကဲ့သို့ ယခင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ပြီး ယခု အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းများ နှင့်စပ်လျဉ်း၍ လွန်စွာအကျိုးရှိကြောင်း၊ လက်တွေ့တွင် ပုဂ္ဂိုလ်ရေးကိစ္စများတွင်လည်းကောင်း၊ ရုံးလုပ်ငန်းများ တွင်လည်းကောင်း လွန်စွာအသုံးကျသည်ဟု သင်တန်းတက်ရောက်ပြီးသူများ၏ အကဲဖြတ်မှတ်တမ်းများအရ သိရှိရကြောင်း၊ ယခုသင်တန်းတွင် လက်တွေ့ဘဝတွင်အသုံးချ၍ ရပြီးရုံးလုပ်ငန်းများနှင့်လည်းဆက်စပ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူကြမ်း ရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများစစ်ဆေးခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ တရားစွဲနှင့်အမှုလိုက်လုပ်ငန်း၊ အထူးဥပဒေ၊ တရားမဥပဒေ စသည် များကိုပို့ချပေးမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာဒီပလိုမာ တစ်နှစ်သင်တန်းကိုလည်းစတင် ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၅ မှ ၂၀၂၉ အထိ “ ပြည်သူ့အတွက်တည်ဆောက် လျက်ဥပဒေယုံကြည်ချက်” “Building Legal Trust For The People” ဟူသည့်မဟာဗျူဟာအရ ဥပဒေအသိပညာပြန့်ပွားရေးဆိုသည့်အချက်သည် အဓိက ဆောင်ရွက်သည့်အချက်ဖြစ်ကြောင်း၊ လူတိုင်းဥပဒေအသိပညာပြန့်ပွားရမည်၊ အထူးသဖြင့် နိုင်ငံတော်၏ အဆင့်မြင့်တာဝန်ထမ်းဆောင် နေသည့် အရာရှိကြီးများသည် ဥပဒေအသိပညာ ရှိရမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် တရားဥပဒေ စိုးမိုးရေးထဲမှအဓိကကျသည့် အညွှန်းကိန်း Index အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ Grade 11 / 12 ကျောင်းသား၊ ကျောင်းသူများကအစ ဥပဒေအသိပညာရှိစေရေးအတွက် သင်ရိုးညွှန်းတမ်းများတွင်ထည့်သွင်းရေးဆွဲပြီး ဆရာ/ ဆရာမများအား Training of Trainner သင်တန်းများ ပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းမှရရှိသည့် ဥပဒေအသိပညာ များအား မိမိအတွက်သော်လည်းကောင်း၊ မိမိဌာန အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း အကျိုးရှိစွာအသုံးချနိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြား သည်။
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၆) သို့ သင်တန်းသား သင်တန်းသူ (၂၇)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိသင်ကြားပို့ချမည်ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်
