မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁

၃၁.၁.၂၀၂၆ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းဓမ္မဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သည့် ကျောင်းထိုင် ဘုန်းကြီးသင်တန်း ကျောင်း(၂)နှစ်ဒီပလိုမာဆရာဖြစ်သင်တန်း (၁၃)ကြိမ်မြောက်သင်တန်းဆင်းပွဲနှင့် (၁၄)ကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
