နေပြည်တော်၊ ဇူလိုင် ၁၀

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Arnaud De Baecque ၊ ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့အား ယနေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာန ၏ သံတမန် ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ICRC က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law-IHL) အသိပညာပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဂျီနီဗာကွန်ဗင်းရှင်းအပေါ် မြန်မာ ဘာသာပြန်ဆိုချက် ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ IHL အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများ ကျင်းပနိုင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
(သတင်းစဉ်)
