
နေပြည်တော်၊ နိုဝင်ဘာ ၁၀
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် တာဝန်ပြီးဆုံး၍ ပြည်လည်ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua အား ယနေ့ နံနက် ၁၀:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးစဉ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး၊ ဥပဒေရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများဆက်လက်ဖော်ဆောင်ရေး၊ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရလူ့အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ဥပဒေရေးရာ သင်တန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးတက် ကောင်းမွန် လာရေး စသည်တို့ကိုရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါ်ခင်ချိုအုန်းနှင့် ဒေါက်တာသီတာဦး တို့လည်း တက်ရောက်ခဲ့ပါ သည်။
(သတင်းစဉ်)
