မကွေးတိုင်းဒေသကြီးအတွင်း စပါးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးတို့အတွက် လက်ဆွဲမျိုးစေ့ ချကိရိယာ (Drum Seeder) (၅၀၀) လက်အား ဂွတ်(ဒ်)ဘရားသား(စ်)မှ တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇွန် ၁၅ ရက်

၁၅-၆-၂၀၂၆ ရက်နေ့ နံနက်(၉၀၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအတွင်း စပါးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးတို့အတွက် လက်ဆွဲမျိုးစေ့ ချကိရိယာ (Drum Seeder) (၅၀၀) လက်အား ဂွတ်(ဒ်)ဘရားသား(စ်)မှ တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံ တပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအေးလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂွတ်(ဒ်)ဘရားသား(စ်)ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)