မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ ပြင်ပ ဝင် ၊ ဘွဲ့ရဆရာဖြစ် သင်တန်းတွင်တက်ရောက်နေသော သင်တန်းသား၊ သင် တန်းသူ(၈၀)ဦးအား ဥပဒေအသိပညာပေးဟောပြော

မြစ်ကြီးနား၊ မေ ၂၁ ရက်

(၂၁.၅.၂၀၂၆)ရက်နေ့ နံနက်(၀၉၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ ပြုလုပ်သည့် ဥပဒေအသိပညာပေးဟောပြောပွဲ တွင်  ပြင်ပ ဝင် ၊ ဘွဲ့ရဆရာဖြစ် သင်တန်းတွင်တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ(၈၀)ဦး တို့အား ကချင်ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဥပဒေရေးရာဝန်ကြီးဌာနသမိုင်းကြောင်းနှင့် ဥပဒေ အရာရှိများ၏ လုပ်ငန်းတာဝန်များအား လည်းကောင်း၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဦးစံဖေက ဖွဲ့စည်းပုံအခြေခံဥပဒေအားလည်းကောင်း၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ် လှိုင်က ဆက်သွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများအား လည်းကောင်း အသီးသီး ဟောပြောခဲ့ ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)