မြစ်ကြီးနား၊ မေ ၃၀ ရက်

(၃၀.၅.၂၀၂၆)ရက်နေ့ နံနက် (၁၀၀၀)အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ် များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ နှင့် ခရိုင်ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အတွင်းရှိ ဥပဒေ အရာရှိများတက်ရောက်ကာ ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးတို့က ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
