ကချင်ပြည်နယ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး နှင့် အဆင့်တူ အရာရှိများကို ဥပဒေအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဇွန် ၈ ရက်

(၈.၆.၂၀၂၆)ရက်နေ့ နံနက်(၀၈၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခ ခန်းမတွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး နှင့် အဆင့်တူ အရာရှိများကို ဥပဒေအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး ၊ ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦး၊ ရုံးအဖွဲ့မှူး နှင့် ဒုတိယပြည်နယ် ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)