နေပြည်တော်၊ သြဂုတ် ၁၈



ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားနှင့် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများကိုပညာရည်ချွန်ဆုပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ်ကအမှာစကားပြောကြားရာ၌ ဤအခမ်းအနားများကိုနှစ်စဉ် ချီးမြှင့်ဂုဏ်ပြုဆောင်ရွက်ပေးလျက်ရှိရာဝန်ထမ်းဖြစ်သူမိဘများအတွက် အထိုက်အလျှောက် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သားသမီးများအရွယ်ရောက်လာသည်နှင့်အမျှ ၎င်းတို့ကောင်းမွန်စွာပညာသင်ကြားနိုင် ရေးအတွက် ကြိုးစားရပါကြောင်း၊ သားသမီးများအခက်အခဲမရှိဘဲကျောင်းတက်နိုင်ပြီးပညာတတ်တစ်ဦးဖြစ်စေဖို့သည် ဝန်ထမ်းများ၏ အန္ထိမရည်မှန်းချက်တစ်ခုဖြစ်ပါကြောင်း၊ သားသမီးများကြိုးစားကြ၍ ထူးထူးချွန်ချွန်အောင်မြင်ကြသည့်အခါ မိဘများအနေဖြင့် ဝမ်းသာပီတိဖြစ်ကြရပါကြောင်း၊ ယခုအခမ်းအနားကိုတက်ရောက်လာကြသောအရာရှိများနှင့် ဝန်ထမ်းများအနေဖြင့် လည်းပညာရည်ချွန်ဆုတက်ရောက်ယူကြသည့် ထူးချွန်ကျောင်းသူကျောင်းသားများ၏ မိဘများကိုအတုယူပြီးသားသမီးများကိုပြုစုပျိုးထောင်ကြရန် လိုအပ်ပါကြောင်းပြောကြားပြီးပညာသင် ထောက်ပံ့မှု ၁၂၄ ဦး၊ ပညာရည်ချွန်ဆု ၁၅ ဦးတို့အတွက် ဆုချီးမြှင့်ငွေ၇, ၅၉ဝ,ဝဝဝိ/- အားချီးမြှင့် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပညာရည်ချွန်ဆုရရှိသူကျောင်းသူကျောင်းသားများနှင့် မိဘများတက်ရောက်ကြောင်းသိရှိရပါသည်။
(သတင်းစဉ်)
