ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး
နေပြည်တော်
ကြေညာချက်

၁။ ဥပဒေအရာရှိအဆင့်-၄ရာထူးနေရာများ ရွေးချယ်ခန့်ထားရေးအတွက် ရေးဖြေစာမေးပွဲ ကို ၂၇–၅-၂၀၁၈ (တနင်္ဂနွေနေ့)တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ တစ်ပြိုင်တည်းကျင်းပပြု လုပ်မည် ဖြစ်ပါသည်။
၂။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ကရင်၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးများမှ လျှောက်ထားသူများသည် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ရုံးတွင်လည်းကောင်း၊ ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်များမှ လျှောက်ထားသူများသည် မန္တလေးတိုင်း ဒေသကြီးဥပဒေချုပ်ရုံးတွင် လည်းကောင်း ၂၁–၅-၂၀၁၈ ရက်နေ့မှ ၂၅–၅-၂၀၁၈ ရက်နေ့အထိ ရုံးချိန်အတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်းပြသ၍ ဖြေဆိုမည့်သူကိုယ်တိုင် လာရောက် ထုတ်ယူရပါမည်။
၃။ ခုံအမှတ်၊ စာမေးပွဲအချိန်ဇယားနှင့် ဖြေဆိုရမည့်နေရာများကို ၂၁–၅-၂၀၁၈ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး များတွင် ကြေညာထားပါမည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး
