လွိုင်ကော်ခရိုင်ဥပဒေရုံးနှင့် လွိုင်ကော်မြို့နယ်ဥပဒေရုံး အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ

လွိုင်ကော်၊  ဧပြီ ၂၈

 

ကယားပြည်နယ်ဥပဒေချုပ်ရုံး၀င်းအတွင်းတည်ဆောက်ထားသော လွိုင်ကော်ခရိုင် ဥပဒေရုံးနှင့်လွိုင်ကော်မြို့နယ်ဥပဒေရုံး RC နှစ်ထပ်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ၂၈-၄-၂၀၁၈ ရက်နေ့  ၊ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ်၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး ၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျော်လင်းမောင် ၊ ပြည်နယ်၀န်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်စာရင်းစစ်ချုပ် ၊ ပြည်နယ် ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ကယားပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံး၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအဆောက်အအုံသစ်အား ကယားပြည်နယ်၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

(သတင်းစၿဉ်)