မြန်မာဥပဒေသတင်းအချက်အလက်စနစ်(MLIS) စတင်လွှင့်တင်ခြင်းနှင့် မျှတသောတရားစီ ရင်ရေးဆိုင်ရာ စံနှုန်းများစာအုပ်မိတ်ဆက်ခြင်း ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကျင်းပ

ထားဝယ်၊ ဇွန် ၈

   မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) စတင် ထုတ်လွှင့်ခြင်းနှင့် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများစာအုပ် မိတ်ဆက်ခြင်း ထပ်ဆင့် ရှင်းလင်းသည့် အခမ်းအနား ကို ထား၀ယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ဇွန်လ ၈ ရက်​နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်က အဖွင့် အမှာစကားပြောကြားသည်။

          တိုင်းဒေသကြီးဥပဒေချုပ်က မြန်မာ့ဥပဒေသတင်းအချက်အလက်စနစ်(MLIS)  စတင် ထုတ်လွှင့်ခြင်း အခမ်းအနားကို နေပြည်တော် (Hilton Hotel)  တွင် မေလ ၂၄ ရက်နေ့က ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေ ချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဥပဒေချုပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်အမှူးပြု၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးဥပဒေအရာရှိများ၊ ကိုရီးယားနိုင်ငံဥပဒေပြုပြင်ရေး ဌာနဝန်ကြီးဦးဆောင်၍ (KOICA) မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း၊ မြန်မာ ဥပဒေသတင်းအချက်အလက်စနစ် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်တိုင်သဖွယ် ဖြစ်ကြောင်းနှင့် မြန်မာဥပဒေသတင်းအချက်အလက်စနစ် ထူထောင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် (KOICA) တို့ ၂၀၁၂ခုနှစ်မှစ၍ (MOU) လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံးထုတ်လွှင့်နိုင်ခဲ့ပြီဖြစ် ကြောင်း (MLIS) အသုံးပြုပုံ၊ ရရှိနိုင်သည့် အကျိုးကျေးဇူးတို့ကို ထပ်ဆင့်ပြောကြားခဲ့သည်။

          ဆက်လက်၍ ၂၅ ရက်နေ့တွင် မျှတသော တရားစီရင်ရေးစံနှုန်းများစာအုပ် အခမ်းအနား ကို ဆက်လက်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ရာဇဝတ်မှုတရားစီရင်ရေး ဆိုင်ရာ မျှတသောတရားစီရင်ရေးစံနှုန်းများကိုပါ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဥပဒေ အရာရှိ ဦးမြင့်အောင်မှ တရားစီရင်ရာတွင် အသုံးပြုသည့် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို ဆက်လက်ရှင်းလင်းခဲ့သည်။

       နေ့လည်ပိုင်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိ ဦးမြင့်အောင်က လုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အခမ်းအနား တက်ရောက်လာသည့် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေအရာရှိများက တင်ပြလိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်အပေါ် တိုင်းဒေသကြီး ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဥပဒေချုပ်က နိဂုံးချုပ်အမှာ စကား ပြေားကြားကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

(သတင်းစဉ်)