လွိုင်ကော်၊ ဇွန် ၉

ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က အဖွင့်အမှာစကား ပြောကြားနေစဉ်

ဆွေးနွေးပွဲတွင် အဖွဲ့၀င် ပြည်နယ်ဥပဒေအရာရှိ ဦးတင့်ဝေက အဖွဲ့ခွဲ၏ လုပ်ငန်း တာ၀န်များနှင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ရှင်းလင်းပြောကြားနေစဉ်

ဆွေးနွေးပွဲတွင် လွိုင်ကော်ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်သောင်းက Myanmar Law Information System Website အသုံးပြုပုံအား ရှင်းလင်းပြောကြားနေစဉ်

(၉-၆-၂၀၁၈) ရက်နေ့တွင် ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ နှင့် ကယားပြည်နယ်အတွင်းရှိ ရှေ့နေရှေ့ရပ်များသည် တရားဥပဒေစိုးမိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
(သတင်းစဉ်)
