ကရင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ MLIS And Fair Trial Standards Guidebook ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ဘားအံ ဇွန် ၁၀

၁၀.၆.၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများ၊ ဒုမြို့နယ်ဥပဒေအရာရှိ များအား ဖိတ်ကြား၍ MLIS And Fair Trial Standards Guidebook ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးမှ အမှာစကားပြောကြား ခဲ့ပြီး ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်မှ MLIS And Fair Trial Standards Guidebook တို့အား ထပ်ဆင့်ရှင်းလင်းခဲ့​ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)