ဘောလခဲ၊ ဇွန် ၁၄

ဟောပြောပွဲတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သော ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ က အဖွင့် အမှာစကားပြောကြားနေစဉ်

အဖွဲ့၀င် ပြည်နယ်ဥပဒေအရာရှိ ဦးတင့်ဝေက အဖွဲ့ခွဲ၏ လုပ်ငန်းတာ၀န်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြနေစဉ်


ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲသည် အဖွဲ့ခွဲ၏ လုပ်ငန်းတာ၀န်များ ရှင်းလင်းခြင်းနှင့် ဥပဒေဆိုင်ရာအသိပညာ ပေးဟောပြောပွဲကို ၁၄-၆-၂၀၁၈ ရက်နေ့တွင် နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘောလခဲမြို့ ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ(၅)ဦး ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၈)ဦး ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး(၇)ဦး ၊ ရာအိမ်မှူး(၁၀)ဦး၊ ကျေးရွာတာ၀န်ခံ(၈)ဦး ၊ ရဲတပ်ဖွဲ့၀င်(၇)ဦး ၊ ပြည်သူလူထု(၄၅)ဦး ၊ စုစုပေါင်း(၁၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
