ချင်းပြည်နယ်ဥပဒေအရာရှိက ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ဟားခါး၊ ဧပြီ ၂၆

       (၂၆.၄.၂၀၁၈)ရက်နေ့ (၁၁:၀၀) အချိန်တွင် ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် ဥပဒေအရာရှိမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၃၂)ဦး ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေး (၃၂)ဦးတို့အား တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ၊ သစ်တောဥပဒေ၊ ချင်းဝိသေတိုင်း အက်ဥပဒေ အကြောင်း ဆွေးနွေးပို့ချခဲ့ကြောင်း သိရပါသည်။

(သတင်းစဉ်)