ချင်းပြည်နယ်ဥပဒေအရာရှိက မင်းတပ်ခရိုင်နှင့် ကန်ပက်လက်မြို့နယ်ဥပဒေရုံးများသို့ သွားရောက်စစ်ဆေး

 

  (၉.၅.၂၀၁၈)ရက်နေ့ (၀၉:၀၀)အချိန်တွင် ချင်းပြည်နယ်ဥပဒေအရာရှိသည် မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ဥပဒေရုံးသို့ သွားရောက်ခဲ့ပြီး အသစ်တည်ဆောက်ထားသည့် ရုံးအဆောက်အဦအား စစ်ဆေးခြင်း၊ ရုံးဝန်ထမ်းအိမ်ယာများ လုံလောက်မှုရှိ မရှိနှင့် ကြံ့ခိုင်မှု ရှိ မရှိ စစ်ဆေးခြင်း၊ ရုံးလုပ်ငန်းများအား အဆင်ပြေချောမွေ့စေရန် လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)