မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများလက်စွဲစာအုပ် မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင် ၂၄၊ မန္တလေး

(၂၄.၇.၂၀၁၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ဟိုတယ်မန္တလေး၌ မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများလက်စွဲစာအုပ် မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနှင့် အမှုလိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများလက်စွဲစာအုပ်နှင့် စပ်လျဉ်းသည့် အကြောင်းအရာ၊ အချက်အလက်များအား အသေးစိတ်ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးဌာနနှင့်တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၊ တရားရုံးမှုခင်းများဆိုင်ရာ လေ့လာ စမ်းစစ်ရေးအဖွဲ့၊ တရားသူကြီးများ ဥပဒေအရာရှိများ၊ ရဲအရာရှိများ၊ ရှေ့နေများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ UNDP, IDLO, Rule of law centre, My justice တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်