လှိုင်းဘွဲ့ ၊ ဇူလိုင် ၂၃


(၂၃.၇.၂၀၁၈) ရက်နေ့ (၁၀:၀၀) နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးနှင့် ရုံးအဖွဲ့မှူး ဦးစောသိန်းဖေမြင့်တို့က လှိုင်းဘွဲမြို့နယ်ဥပဒေရုံး ရေကြီးနေသည့် အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး ရေကြီးရေလျှံနေသည့် ဥပဒေရုံးဝန်ထမ်းတို့ကို အရေးပေါ်စားသောက်ကုန်နှင့် သောက်ရေသန့်များကို တစ်ဦးလျှင်ကျပ် (၃၀၀၀၀) ဖိုးစီ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
