မချမ်းဘော့၊ သြဂုတ် ၁၈


၁၈.၈.၂၀၁၈ ရက်နေ့တွင် ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အ.ထ.က(ခွဲ) ထရန်ဒမ်းစာသင်ကျောင်း၌ ဥပဒေအသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ရာ မချမ်းဘော့မြို့နယ် ဥပဒေအရာရှိ ဦးသန်းထိုက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုက်ရာ ဥပဒေနှင့် ရာဇသတ်ကြီးဥပဒေ ပါ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ ကျာင်းသား ၊ ကျောင်းသူ ၂၇၅ ယောက် ဆရာ၊ ဆရာမ ၁၆ ဦး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
