မချမ်းဘော့၊ သြဂုတ် ၂၁


၂၁.၈.၂၀၁၈ ရက်နေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အ.ထ.က.မချမ်းဘော့ စာသင်ကျောင်း၌ ဥပဒေအသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲတွင် မချမ်းဘော့မြို့နယ် ဥပဒေအရာရှိ ဦးသန်းထိုက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ရာဇသတ်ကြီးဥပဒေပါအကြောင်းအရာတို့အား ကျောင်းသူ၊ကျောင်းသား များသို့ အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၅၀ဝ ဦး နှင့် ဆရာ၊ဆရာမ ၁၆ ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
